Showing posts with label New Music Release. Show all posts
Showing posts with label New Music Release. Show all posts

Tuesday, June 19, 2012

" မျဉ်းပြိုင်ပေါ်က ချစ်သူနှစ်ဦး "


" Paralell Lovers "

Lyrics, Music, Instruments - Myo Chit Myanmar
Vocals & Harmonies - Myo Chit Myanmar & Thet Thet Htun Win
Sound Engineer - Myo Chit Myanmar
Producers - Myo Chit Myanmar & Sawng Hnin Pwint

Property of Myo Chit Myanmar HD Media Production.
ALL RIGHTS RESERVED.



" မျဉ်းပြိုင်ပေါ်က ချစ်သူနှစ်ဦး "

သံစဉ်/စာသား/တီးခတ် - မျိုးချစ်မြန်မာ
တေးဆို - မျိုးချစ်မြန်မာ + သက်သက်ထွန်းဝင်း
ဟာမိုနီ - မျိုးချစ်မြန်မာ + သက်သက်ထွန်းဝင်း
ထုတ်လုပ်သူ - မျိုးချစ်မြန်မာ + ဆောင်းနှင်းပွင့်
______________________________________________

INTRO:

V1
မတူညီတဲ့ အသိုင်းအဝိုင်း နှစ်ခုကြားမှာ ..
ကြိုတင်စည်း ခြားထားတဲ့ကြားက
နင့်ကိုမှ ဘာ့ကြောင့်များ ..
တွေ့တာနဲ့ ချစ်မိသွား ..
ငါ့စိတ်တွေ အံ့သြစရာ ...

V2
လွန်ဆန်ဖို့ ကျိုးစားထဲ့ကြားက ..
မရှောင်နိုင်ဘူး နှလုံးသားကခေါင်းမာ
အချစ်ကို အားကိုးရမလား ..
အသိကို ခေါင်းငြိမ့်ရမလား ..
တွေးရင်း ငါ လှိုက်မောလာ ...

CHO:    အဖေအမေတွေရဲ့ တင်းကြပ်လွန်းတဲ့ မေတ္တာ
            လူငယ်တွေက ချစ်စိတ်တစ်ခုနဲ့ ခေါင်းမာ
            ဂုဏ်ငွေတွေ ရဲ့ ခြားနားမှုနောက်မှာ
            ငါတို့ ဝေးသွားရမှာလား ........

           ဘာသာလူမျိုး ဝိုင်းခွဲခြားတဲ့ကြားမှာ
           တူညီနေတဲ့ အနှိုင်းမဲ့ တို့ မေတ္တာ
           ကျန်တာဘာမှ မတွေးခဲ့တာ တို့နှစ်ယောက်မှားနေလား

V3
ဘယ်လိုလုပ်မလဲ စဉ်းစားမိတိုင်းမှာ ..
တူတူမခွဲ ထားခဲ့တဲ့သစ္စာ
တို့ အနာဂါတ် တို့ ဘဝများ ..
တခြားသူ ဆုံးဖြတ်မှာလား
အဓိဟာ နင် နဲ့ ငါ ...

V4
သေချာတွေး တို့လျှောက်ရမယ့်လမ်းမှာ ..
ရင်ဆိုင်ဖို့ အဓိက တို့နှစ်ယောက်ပါ
ဘေးလူကပြောတဲ့စကား ..
တို့အဖြေဖြစ်တော့မှာလား ..
ငါ့ အချစ်ကို ယုံစမ်းပါ ...

CHO:


SOLO:


V 2

V 3

(CHO:) 2

FADE OUT





___________________________________________


မိတ်ဆွေတွေကို ပြောပြချင်တာလေးတွေ ပြောပြပါရစေ။

ဒီသီချင်းလေးဟာ ကျွန်တော် ငယ်စဉ်အခါထဲက ရင်ထဲမှာ မွေးဖွားခဲ့ပြီးသား သီချင်းလေး ဖြစ်ပါတယ်။

ဒီသီချင်းလေးကို ရေးဖြစ်ခဲ့တဲ့ အဓိကတွန်းအားက ကိုငှက်ကြီးရဲ့ ကာရန်မညီသောဆိုတဲ့ သီချင်းလေးပါ။

ဘယ်တော့ နားထောင်ထောင် အသက်ဝင်နေတဲ့ သီချင်းလေးပါ။
ဒါပေမယ့် သီချင်းထဲမှာ ကျွန်တော် ဖြည့်စွက်ချင်ခဲ့တဲ့ လိုအပ်ချက် နှစ်ခု ကျန်နေခဲ့ပါတယ်။


အရမ်းကို အဓိက ကျတဲ့ မတူညီတဲ့ အားပြိုင်မှု တွေရဲ့ အရင်းခံ ဖြစ်တဲ့ စည်းစိမ်ဓန နဲ့ ဘာသာ မတူညီတာကိုဘဲ သူက ရေးဖွဲ့ခဲ့ပါတယ်။

ဂီတ အစည်းအရုံး ရဲ့ ပေါ်လစီတွေကြောင့်လဲ မဟုတ်ခဲ့ပါဘူး။
သူခံစားရတဲ့အတိုင်းဘဲ သူရေးခဲ့တာပါ။

ကျွန်တော့် အတွေးထဲမှာ ချစ်သူတွေ ဟာ ဘာလို့ မပေါင်းရတာလဲဆိုတာတွေရဲ့ အဓိက အရင်းမြစ်ကို တွေးကြည့်တတ်လာတဲ့အရွယ်မှာ ...

မြန်မာပြည်မှာ ဘာသာနဲ့ ချမ်းသာကြွယ်ဝမှု မတူတာနဲ့ တင်မက အသားအရောင် (လူမျိုး) ဆိုတာတွေ မတူတာနဲ့တင် မဟုတ်ဘဲ ...

တိုင်းရင်းသား ဆိုရင်တောင် လူမျိုးမတူတာ ကြောင့် မိဘ တွေက ခွဲကြတာတွေ ကြားသိမြင်လာတဲ့အခါမှာ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ခဲ့ဖူးပါတယ်။


ဒါကြောင့် ကျွန်တော် ဒီသီချင်းလေးရေးဖြစ်ခဲ့တာပါ။

ဒါပေမယ့် ကျွန်တော် လောလောဆယ် ဖြတ်သန်းနေရတဲ့ မြန်မာပြည် ရဲ့ အခြေအနေအရ ကျွန်တော် မဖြန့်ချီရက်ခဲ့ပါဘူး။

ကျွန်တော့် သီချင်းမှာ လူမျိုးတွေ ဘာသာတွေ အဆင့်အတန်းတွေ ပါနေတယ်။
ကျွန်တော် ရည်ရွယ်တဲ့ နေရာက လွဲသွားကြမှာစိုးတယ်။

ဒီတော့ ကျွန်တော် ယောကျာ်းတစ်ယောက် ရဲ့ သိက္ခာ နဲ့ သစ္စာ အရ အတိအလင်းပြောပြပါ့မယ်။

ကျွန်တော့် သီချင်းဟာ မြန်မာနိုင်ငံသားစစ်စစ် တွေ ထဲက မတူညီတဲ့ ယုံကြည်မှုတွေ ကိုးကွယ်မှုတွေ နဲ့ ရပ်တည်နေတဲ့ မြန်မာတွေ အတွက် ဘဲ ရည်ရွယ်ပါတယ်။

အဲ့ထဲမှာ တိုင်းရင်းသားတွေ အကုန်ပါတယ် ။
မြန်မာပြည်ဖွား တရုပ်တွေ ပါတယ် ။
မြန်မာပြည်ဖွား ကုလား တွေ ပါတယ် ။

ဒါပေမယ့် ....

Rohingyas လို့ခေါ်တဲ့ ဘင်္ဂါလီ မျိုးမစစ်တွေ မပါဘူး။ ...

ဟုတ်ကဲ့ ထပ်ပြောမယ်နော် ။ ။ ။
ကျွန်တော့် သီချင်းရဲ့ ရည်ရွယ်ချက်မှာ အကြမ်းဖက် ကျူးကျော်နေတဲ့ ဘင်္ဂါလီ ကုလားတွေ မပါဘူး ။


ကျွန်တော် ရန်ကုန်မှာ ငယ်ငယ်တုန်းက အနေအများဆုံးဟာ ၃၆ လမ်း နဲ့ မဂိုလမ်းကြားမှာပါ ။

ကျွန်တော့် မှာ ကုလားသူငယ်ချင်းတွေ ရှိတယ် ။
ကျွန်တော် မြန်မာ ကုလားတွေ ကို မမုန်းပါဘူး ။

ဒါပေမယ့် ကျွန်တော့် တိုင်းပြည် နဲ့ လူမျိုးတွေကို လာကျူးကျော် စော်ကားနေတဲ့ ဘင်္ဂါလီကုလားတွေကို လုံးဝ မုန်းတီး ရွံရှာစွာ ဆန့်ကျင်တယ် ။

ရခိုင်တွေ အတွက် .. မြန်မာ တွေအတွက် .. ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး ။

အဲ့ဒါ ကျွန်တော့် ရဲ့ သစ္စာစကားပါဘဲ ......

ကဲပါလေ ...

သီချင်းလေးကို နားထောင်ကြည့်ကြပါ ...

:)


အမိမြေနှင့် လူမျိုးအတွက် ထာဝရ မေတ္တာဖြင့် ...


မျိုးချစ်မြန်မာ


FaceBook - https://www.facebook.com/notes/myo-chit-myanmar/မျိုးချစ်မြန်မာ-ကိုယ်ပိုင်သံစဉ်-သီချင်းသစ်-မျဉ်းပြိုင်ပေါ်က-ချစ်သူနှစ်ဦး-/401909009844236

Friday, May 18, 2012

" စစ် နှင့် ငြိမ်းချမ်းရေး "







ညဆိုအမြဲ ကြောက်ရွံ့ဆဲ အိပ်မပျော် တုန်လှုပ်ခြင်းများထဲ
ဗုံးတွေကွဲ သေနပ်သံထဲ အနားမှာ အဖေအမေလဲ မရှိခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ

နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ် ဟန်ဆောင်နှုတ်ဆက်ခဲ့
သိနှင့်နေတယ် ပြောမထွက်နိုင်တယ်
နှလုံးသားတွေ ကြေကွဲရင်း ကျွမ်းလောင်ဆဲ

CHO:  စစ်တစ်ခုဖြစ်တာနဲ့ အရင်ဆုံးပေးဆပ်ရတာ အပြစ်မဲ့တဲ့ ကလေးတွေ ဆိုတာ ပြန်စဉ်းစားသင့်တယ်
          မရက်စက်ကြပါနဲ့ ရှင်းသန့်တဲ့ အိပ်မက်တွေ လှပတဲ့ ဖူးပွင့်ခွင့်လေးတော့ ပေးသင့်ပါတယ် ...

အလင်းရောင်မဲ့ အနာဂါတ်တွေထဲ ဖေးကူဘယ်သူလမ်းပြမလဲ
မသိနိုင်ခဲ့ အားအင်မဲ့ နေ့တွေ ကျော်ဖြတ်ရင်းနဲ့ဘဲ
မွန်းကျပ်နေတယ် ဆို့နင့်နေတယ်
တို့ဘဝတွေ ဘယ်လိုရှေ့ဆက်ရပါ့မလဲ ...

CHO:
SOLO:

နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ်ဟန်ဆောင်နှုတ်ဆက်ခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ

CHO:
CHO:
CHO: & FADE OUT:


(ကလေးငယ်တစ်ဦး)


မေမေ ... မေမေရော .... မေမေ .....


(စကားပြော)

စစ် ဆိုတဲ့ အရာတိုင်းဟာ ...
လူကြီးတွေ ရဲ့ မိုက်မဲမှု ကနေ စတင်ပြီးတော့ ...
ကလေးတွေရဲ့ ပေးဆပ်ရခြင်းနဲ့ အမြဲ အဆုံး သပ်ခဲ့ပါတယ် ...
ကျွန်တော်တို့ စစ်မဖြစ်လို့မရဘူးလားဗျာ ...
စစ်မဖြစ်လို့မရဘူးလား ...........

..............................................................................


ခုလို နားဆင်ပေးတာ ကျေးဇူးပါနော်။

ကျွန်တော် တစ်ပါတ် နီးပါး ကျိုးစားဖန်တီးခဲ့ရတဲ့ သီချင်းလေးဖြစ်ပါတယ်။

လတ်တလော ကချင်ပြည်ရဲ့ နယ်စပ်ဒေသတွေ
 မှာ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ မြန်မာ နဲ့ ကချင် စစ်ပွဲတွေကြားထဲ သိန်းနဲ့ချီပြီး ခိုကိုးရာမဲ့နေရှာတဲ့ တိုင်းရင်းသားကလေးလေးတွေ အတွက် ထိခိုက်ကြေကွဲမှုတွေရဲ့ တွန်းအားကြောင့် လျှံကျလာတဲ့ သံစဉ်လှိုင်းတွေကို ပုံဖေါ်ထားတာပါ။

ကျွန်တော့် ရင်ထဲက မျက်ရေ နဲ့ ရေးထားတဲ့ သံစဉ် ပန်းချီကားလေးကို ဝိုင်းဝန်း ပုံဖေါ်ပေးခဲ့ကြတဲ့ တိုင်းရင်းသား ညီအကို မောင် နှမ အားလုံးကို ကြီးမြတ်သော ဘုရားသခင်အားလုံး က ကလေးတွေ ရဲ့ ကိုယ်စားကောင်းချီးပေးကြပါစေလို့ ကျေးဇူးတင်စွာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

လူသားချင်း စာနာ နိုင်ကြပါစေ။
အမိမြေ ထာဝရ ငြိမ်းချမ်းပါစေ။
ကလေးတွေတိုင်း ပျော်ရွှင်စွာ ကြီးပြင်းခွင့် ရရှိနိုင်ကြပါစေ။


ရန်သူ ဘဲ ဖြစ်ခဲ့ဖူးပါစေ ..
လူကတော့ အသစ်ဖြစ်မလာပေမယ့် ...
သူ့ဖက်က မူသစ် စိတ်သစ် တစ်ကယ်ဖြစ်လာပြီဆိုရင်တော့ ....
ကိုယ့်ဖက်ကလဲ နှလုံးသားအသစ် နဲ့ နားလည်လက်ခံပေးနိုင်ကြစေချင်တယ် .....


ထာဝရ မေတ္တာဖြင့်

မျိုးချစ်မြန်မာ





မူရင်း

(BLOG) - http://myochitmyanmar.blogspot.com/2012/05/blog-post.html


(Sound Cloud) - http://soundcloud.com/myochitmyanmar/war-peace-1


(My Space) - http://www.myspace.com/myochitmyanmar/music/songs/war-peace-87778386



" WAR & PEACE "

Lyrics, Music, Instruments, Main Vocals & Harmonies - 
Myo Chit Myanmar (Myanmar + Mon + Shan + Rakhine)
Sound Engineer & Producer - Myo Chit Myanmar
Assistant Producer - Sawng Hnin Pwint (Myanmar + Shan + Karen)
Music Consultant - Daniel Saw (Myanmar + Shan + Karen)
Technical Consultant -  Moe Kyaw Pyi Soe (Myanmar + Mon + Karen)

Back Up Vocalists
Maureen Seng Mai (Ka Chin)
Grace Hla (Myanmar + Mon + Karen)
Joshua Andrews (Myanmar + Mon)
Moe Kyaw Pyi Soe (Myanmar + Mon + Karen)

Girl's Voice
Yun Nadi Maung (Myanmar)

Recorded @ Myo Chit Myanmar HD Media Production.
California, USA.


I dedicated this song to all children around the world who are suffering from WARS.

LET'S STOP THE WARS!
LET'S BUILD THE PEACE!


Help me help those innocent children who are victims of adults' foolishness.


Together, we can make the world a better place for all children.

ALL WARS NEED TO BE STOPPED NOW.

Please share if you love children.

Click HERE to DOWNLOAD.



Notice to all professional medias and journalists,

Feel free to use my song on your media for PEACE AWARENESS ONLY.
Un-Authorized & Improper users, re-selling and charging for any cause can and will be persecuted under
INTERNATIONAL LAWS OF COPYRIGHTED WEB MEDIA CONTENTS.



Forever With Love,


Myo Chit Myanmar

Sunday, April 1, 2012

" ဒေါင်းတံဆိပ်ရဲ့ဘေး " (VOTE 4 NLD)



" VOTE 4 NLD "

Lyric, Melody, Vocal, Harmony, Composed, Engineered & Produced By Myo Chit Myanmar

Myo Chit Myanmar HD Media Production


California, USA


သံစဉ်စာသား - မျိုးချစ်မြန်မာ

မျိုးချစ်မြန်မာ Studio တွင် ဖန်တီးသည်။




Find more songs from Myo Chit Myanmar


" ဒေါင်းတံဆိပ်ရဲ့ဘေး "


၈၈ ရဲ့ မျိုးဆက်လူသားများ
သွေးနဲ့ရင်းပြီးခင်းခဲ့ရတဲ့ ဒီလမ်းမမှာ
မြင်နေပြီရောင်နီရဲ့ အလင်းများ
တို့လက်တွေ တွဲလို့မြဲလို့ ရှေ့ဆက်ခြေလှမ်းများ
ခါးသီးတဲ့ အိပ်မက်ဆိုးတွေထဲကပြန်နိုးထ
သူငယ်ချင်းရေ ပြတင်းပေါက်တွေကို ခု ဖွင့်ကြည့်လိုက်ပါ

ဟိုမှာ လာနေပြီ ခွပ်ဒေါင်းများ
တူညီနေ ရင်ခုန်သံ လမ်းမမှာ
နိုင်ငံတော် မဟာအနာဂါတ်ကြီးက
မင်းရဲ့လက်ထဲကရှိနေတဲ့ အဲ့ဒိမဲလေးမှာ
ဒေါင်းတံဆိပ်ရဲ့ဘေးက မင်းလက်နဲ့အမှန်ခြစ်လိုက်ပါ

ချို့တဲ့လွမ်းတဲ့ တပ်မတော်သားများ
နွမ်းပါးစွာ အထက်ကအမိန့်ကို ကြောက်လိုက်ရတာ
မဆီမဆိုင် ဟိုလူတွေသာကြီးပွား
တွေးကြည့်ပါ ခင်ဗျားတို့ အိပ်မက်များက ဒီတိုင်းလား
ခေါင်းမော့ကာ အေးအေးဆေးဆေး သေနပ်ချကာစဉ်းစား
ဗိုလ်ချုပ်သာ ဘေးနားရှိရင် တောက်ခေါက်လိုက်မိမှာ

CHO:

SOLO:

တိုင်းရင်းသားတွေ သွေးကွဲနေသေးလား
ပေးခဲ့ဗိုလ်ချုပ်ရဲ့ကတိတွေ အမြဲတမ်းပြန်သတိရပါ
တစ်ချိန်မှာ တူညီတဲ့အခွင့်အရေးများ
ရရှိအောင် အပြောထက်အလုပ်ကိုအမြဲတမ်းတန်ဖိုးထား
သူ့ဘဝကို အမျိုးသားရေးအတွက် စတေးခံရင်းထား
အမေစု ကို စိတ်ချလက်ချ မဲပေးမှဖြစ်မှာ

CHO:

CHO:

Wednesday, October 12, 2011

ဝိုင်းစုခိုင်သိန်း ရဲ့ " မျက်လှည့် " ကို အသေးစိပ်ဝေဖန်ခြင်း




( ၁ ) အဖွင့်သီချင်း ဖြစ်တဲ့ “ မျက်လှည့် “ က Arabian တီးလုံးလေးနဲ့ အစပြုခဲ့ပြီး “ မက်လောက်စရာ “ သီချင်းရဲ့ Mood + Tempo နဲ့ Britain Pop Style + Cha Cha Rock ကို လှပစွာ တွဲဖက်သုံးစွဲထားပါတယ်။

ဒီသီချင်း တစ်ပုဒ်ထဲကနေ တစ်ခွေ လုံးရဲ့ Attitude ကို ခံစားလိုက်ရပါတယ်။
ဝိုင်းစုခိုင်သိန်း ရဲ့ လွတ်လပ် ရဲရင့် တဲ့ မူရင်း ဝိဥာဉ် အစစ်အမှန်ကို တိုက်ရိုက် မိတ်ဆက်ပေးလိုက်တာပါဘဲ။


( ၂ ) “ အချစ် ရဲ့ ညနေ “ သီချင်း လေးကတော့ Asian Pop Melody အစစ်လေးပါ
အလွမ်းသီချင်း ပီသသွားစေတဲ့ Vocal Power ရှိတဲ့ ဝိုင်းစု အတွက် ထမင်းစားရေသောက် သီချင်းလေးဆိုပေမယ့် ဒီသီချင်းလေးမှာ သူ့ရဲ့ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ကို သေချာ တွေ့ရပါလိမ့်မယ်။
ကျွန်တော် အရမ်းကြိုက်တဲ့ သီဖွဲ့မှု ပုံစံတစ်မျိုးပါဘဲ။


( ၃ ) “ ဆည်းလည်းသံ “ သီချင်းလေးကတော့ မြန်မာ အမျိုးသမီးလေး တစ်ယောက်ရဲ့ ရင်ခုန်သံကို ရိုးရှင်းစွာ ဖွင့်ဟဝန်ခံထားတဲ့ ရိုးသားတဲ့ ရင်ခုန်သံ သီချင်းလေး တစ်ပုဒ်ပါ။
အင်မတန် လှပတဲ့ Melody လေး နဲ့ စာသားလေးတွေကို သီဖွဲ့ထားတာပါဘဲ။


( ၄ ) “ ပြန်လာခဲ့ပါ “ ဆိုတဲ့ Slow Pop သီချင်းလေးကတော့ မြန်မာ တွေ အကြိုက် အရှေ့တိုင်းဆန်တဲ့ Melody ငြိမ်ငြိမ်လေး ကို မိန်းမသားဆန်တဲ့ အတ္တလေး နဲ့ သီဖွဲ့ထားပြီး အဆွေးသံလေး ကို ပိုင်နိုင် လှပစွာ အသုံးချ သီဆိုထားတဲ့ ချက်ချင်း နားစွဲ နိုင်တဲ့ သီချင်း တစ်ပုဒ်ပါ။


( ၅ ) “ မိန်းကလေးအလှ “ ဆိုတဲ့ သီချင်းလေးကတော့ ငယ်ရွယ်သူ မိန်းကလေး တစ်ယောက်ရဲ့ အလှ နဲ့ နုပျိုမှုအပေါ်မှာ ထားတဲ့ ယုံကြည်မှုကို Hip Hop နောက်ခံတီးလုံးလေး နဲ့ သီဖွဲ့ထားတဲ့သီချင်းလေး တစ်ပုဒ်ပါ။

“ မက်လောက်စရာ တစ်ကွက်မှ မရှိသူ “ ဆိုတဲ့ စာသား ကိုပြန်ထည့်ထားတာ က အောင်မြင်ခဲ့တဲ့ အရင်ခွေက သီချင်းထဲက စာသားကို တိုက်ရိုက် ရည်ညွှန်း ထားတဲ့အပြင် အရင် သီချင်းခွေရဲ့ Title ကိုလဲ ပြန် ရည်ညွှန်း ထားသလို ဖြစ်နေတာကတော့ သိပ်အဆင်မချောလှပါဘူး။

နောက်ပြီး Indepenent, What we’ve got!, That’s what we want ဆိုတဲ့ အင်္ဂလိပ် စာသားတွေ နေရာမှာ Dual Harmony တွေ လိုနေပါတယ်။

အဲ့ဒိ နေရာတွေ က စာသား ရဲ့ Punch Line တွေ ဖြစ်တဲ့အတွက် Harmony မပါမဖြစ် လိုပါတယ်။
ခုက အဲ့ဒိ နေရာတွေမှာ ဟာပြီး ချောင်နေတဲ့အတွက် သီချင်းက မြူးသင့်သလောက် မမြူးသလို ဖြစ်နေတယ်လို့ ခံစားရပါတယ်။

ဒါ ဟာ တေးဆိုသူ ဝိုင်းစု ရဲ့ လစ်ဟာမှု မဟုတ်ပါဘူး။

တေးရေး နဲ့ Composer သို့မဟုတ် Arrangement ရဲ့ ပြန်လည် စီစစ် ဖို့ လိုအပ်ချက် တစ်ခုပါ။


( ၆ ) “ ချစ်သူမရှိတဲ့အချိန် “ ဆိုတဲ့ အလွမ်းသီချင်းလေးက Japanese Style Romantic Melody ရိုးရိုးလေး တစ်ပုဒ်ပါ။

“ မက်လောက်စရာ “ တေးစီးရီးထဲက “ ပြန်တော့ကွယ် “ ဆိုတဲ့ သီချင်းလေးရဲ့ Frame နဲ့ တော်တော်လေး တူပေမယ့် မူကွဲပါတယ်။
နားစွဲလွယ်ပြီး မိန်းကလေး ပီသတဲ့ နူးညံ့မှု ကို ဖေါ်ကျူး ထားတဲ့သီချင်းလေး တစ်ပုဒ်ပါဘဲ။


( ၇ ) “ Snow White “ ဆိုတဲ့ သီချင်းလေးကတော့ ၁၉၈၀ နှစ်ဦးလောက်တုန်းက နာမည်ကျော်ကြားခဲ့တဲ့ " မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ကလေးသရုပ်ဆောင် အဖြစ် နဲ့ အကယ်ဒမီ ဆု ကို ဆွတ်ခူးနိုင်ခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ငြိမ်းငြိမ်းအိ (သို့မဟုတ်) အင်္ဂလန်စိန် ရဲ့ နာမည်ကျော်ကြားခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ကို ပြန်သီဆိုထားတာပါ။

ဒီသီချင်းလေး ကို ကျွန်တော့်အဖိုး ဒါရိုက်တာ ဦးကြီးမြင့် က သရုပ်ဆောင် စိုးမိုးအောင် (အာလူး) ဇော်ဦး ငြိမ်းငြိမ်းအိ တို့ နဲ့ ရိုက်ကူးခဲ့တဲ့ “ မဆုံဆည်းခဲ့လေသော အချစ်များ “ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ဇာတ်ဝင်ခန်း တေးသရုပ်ဖေါ် အနေနဲ့ အဲ့ဒိ ခေတ်တုန်းက ရုပ်ရှင် ကားတစ်ကားရဲ့ တစ်ကားလုံးအတွက် လိုအပ်တဲ့ သုံးငွေ ပမာဏ နီးပါး ကုန်ကျတဲ့ Setting အကြီးကြီး တစ်ခု ကို A1 ခြံထဲမှာ အားလုံး ကန့်ကွက်တဲ့ကြားက ဇွတ်တည်ဆောက်ပြီး ၄ မိနစ်စာ အိပ်မက်ခန်း လေးတစ်ပုဒ်ကို ငွေ ၅၀၀၀၀ နီးပါး သုံးပြီး ရိုက်ခဲ့ပါတယ်။

(မှတ်ချက် ။ ။ အဲ့ဒိတုန်းက ရုပ်ရှင်တစ်ကားရဲ့ ထုတ်လုပ်မှု စားရိတ်ဟာ တစ်သိန်းကျော်ရုံလေးဘဲ ရှိပါတယ်၊ ရွှေတောင်ကြားလမ်း နဲ့ ဝင်ဒါမီယာ ထဲက အိမ် တစ်လုံးဟာ တစ်သိန်းခွဲ နဲ့ ၂ သိန်းခွဲကြားမှာဘဲ ရှိပါသေးတယ်)

အဲ့ဒိ သီချင်းလေးက ငွေကုန်ရုံတင်မကဘဲ မှတ်မှတ်ရရ မြန်မာ့ရုပ်ရှင် ဆင်ဆာ အဖွဲ့ နဲ့ ပထမဆုံး အတိုက်အခံ လုပ်ပြီး Lip Kiss လို့ ခေါ်တဲ့ နှုတ်ခမ်းချင်း ထိပြီးနမ်းတာကို မြန်မာ ကားတွေ ထဲမှာ ပထမ ဆုံး နဲ့ နောက် ဆုံးအကြိမ် ထည့်သွင်း ပြသခဲ့တာပါ။

ယောကျာ်း နဲ့ မိန်းမ နှုတ်ခမ်းခြင်းမနမ်းပြရဘူး ဆိုတဲ့ ရုပ်ရှင် ဆင်ဆာအဖွဲ့ ရဲ့ စည်းကမ်းအရ မိန်းကလေးခြင်းတော့ နမ်းပြလို့ရတယ်ပေါ့ ဆိုတဲ့ ဟာကွက်ကို မရမက နင်းပြီး အတင်း ကြိုတင်ခွင့်တောင်းပြီး အတိုက်အခံညှိနှိုင်းမှုတွေ လ နဲ့ချီ ကြာပြီးတဲ့အခါမှာ ရုပ်ရှင် အစည်းအရုံးက အိပ်မက်ခန်းဘဲ ဖြစ်ရမယ်
အိပ်မက်လို့လဲ သိသာအောင် ပြရမယ်
နောက်ပြီး မိန်းကလေး ခြင်းဘဲ နမ်းရမယ်
နှုတ်ခမ်းခြင်း လဲ ထိရုံဘဲထိရမယ် Open Mouth မဟုတ်ရဘူး ( No Tounge )
စတဲ့ ကန့်သတ်ချက်တွေ နဲ့ ခွင့်ပြုချက်ရပြီးတော့မှ

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေး နဲ့ တစ်ပုံထဲဖြစ်အောင် ပြင်ပြီး အင်္ဂလန်စိန် ကို မင်းသားလေးက နှုတ်ခမ်းကို နမ်းတဲ့အခန်း ကို ရအောင် ကပ်သီးကပ်သပ်ရိုက်ခဲ့တဲ့ ကျွန်တော့် အဖိုး ရဲ့ ဥာဏ်ကို ဆင်ဆာ အဖွဲ့ လက်မြှောက်ခဲ့ရတဲ့ မြန်မာ့ရုပ်ရှင်လောက မှာ သမိုင်းတင်ရစ်ခဲ့တဲ့ ၅ စက္ကန့် ကြာ အနမ်းလေး တစ်ပွင့် ရဲ့ သမိုင်းကို ရုပ်ရှင်ကြည့် ပရိသတ် တွေ သေချာ သိချင်မှ သိခဲ့ကြမှာပါ။


ဘယ်လိုဘဲ ဖြစ်ဖြစ် သမိုင်းတွင်ရစ်ခဲ့မှာ မဟုတ်မှန်း အကယ်ဒမီ ရမယ့် ဇာတ်ကားမျိုး မဟုတ်မှန်း သိပေမယ့် " စနေမောင်မောင် " လို ကားမျိုးကို ဦးညွန့်ဝင်း နဲ့ ပင်းတယ လို သဘာဝ ဥမင် အကြီးကြီး ကို Warehouse Size Studio ကြီး ထဲမှာ အတုကြီး အပြည့်ဆောက်ပြီး သင်္ကြန်မိုး လို အကုန်ခံပြီး ရိုက်ကူးရဲခဲ့တဲ့ .....

“ မုန်းရခက်ကြီး “ ဆိုတဲ့ ကားထဲမှာ အရက်မူးနေတဲ့ မင်းသား (ကျော်သူ) နံရံပေါ်ကို လမ်းတက်လျှောက် သွားဖို့ စက္ကန့် သုံးဆယ် ကြာအခန်းလေး အတွက် ဆုံလည် သံမဏိ စက်ဝိုင်းအကြီးကြီး ပေါ်မှာ ကျွန်တော် တို့ အိမ်က အိပ်ခန်း ရဲ့ ပုံစံတူ မော်ဒယ်ကို ၉၀ ဒီဂရီ လှည့်လို့ရအောင် ၆ သောင်းလောက် အကုန်ခံ ဆောက်ပြီး “ ဟေ့ အချစ် “ ဆိုတဲ့ သီချင်းကို ရိုက်ပြရဲခဲ့တဲ့ .....
ကျွန်တော့် အဖိုး ကို ကျွန်တော် လေးစားစွာ ဂုဏ်ယူပါတယ်။

မလိုအပ်ဘဲ ပေရှည်သွားခဲ့ရင်တောင်းပန်ပါတယ်။

ဒါပေမယ့် ကျွန်တော် ဝိုင်းစုခိုင်သိန်း ကို ဘာကြောင့် ဒီလောက် ကာကွယ်ပေးခဲ့သလဲ ဘာလို့ ဒီ ကလေး ကို ဒီလောက် ချစ်သလဲ လို့ မေးနေကြသူတွေကို သူဟာ ကျွန်တော့် အဖေရဲ့ တပည့် ရင်း ဖြစ်တဲ့အပြင် ကျွန်တော် လေးစားချစ်ခင်တဲ့ ကိုငှက်ကြီးရဲ့ တပည့်ရင်းလေးလဲ ဖြစ်သလို ရုပ်ရှင် သရုပ်ဆောင်တွေထဲမှာ ထူးခြားစွာ ဂီတ ကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ကလေး တစ်ယောက် မို့ ကျွန်တော့် ရဲ့ အနုပညာ သွေးသားရင်းချာလေး တစ်ယောက်လို ကျွန်တော် သဘောထားပါတယ် ဆိုတာကို ကြုံကြိုက်တုန်း ပြောပြချင်လို့ပါ။


( ၈ ) “ First Love “ ဆိုတဲ့ သီချင်းလေးကတော့ လူတစ်ရာ မှာ ၉၉ ရောက် လောက် ခံစားနိုင်မယ့် Country Pop Style ဆန်ဆန် သီချင်းလေးပါ။

ချောချော ရုပ်ဆိုးဆိုး အိုအို ပျိုပျို ကြီးကြီး ငယ်ငယ် လူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ဖူးပါတယ်
ရည်းစားဦးဆိုတာ မရှိခဲ့ဖူးသေးတဲ့ အပျိုဟိုင်း လူပျိုဟိုင်း ကြီးတွေ မှာတောင် ဘယ်သူ့ကို မှ ဝန်မခံခဲ့တဲ့ တစ်ဖက်သပ် အချစ်ဦးဆိုတာ ရှိခဲ့စမြဲပါ။

ဒီသီချင်းလေး မှာ အဆို အတီး တေးရေး ပညာပိုင်းဆိုင်ရာ ဘာမှ ထူးခြားမှု မရှိပေမယ့် အတိုင်းအတာ တစ်ခုထိ ခံစားမှု တစ်ခုကို ပေးနိုင်တဲ့ သီချင်းလေးတစ်ပုဒ်ပါဘဲ။


( ၉ ) “ ရုပ်ဆိုးမ “ ….. ကတော့ တစ်ခွေလုံး မှာ အကောင်းဆုံး နဲ့ အကြိုက်ဆုံး သီချင်းလေးပါ။


စ နားထောင်မိတာနဲ့ ဒီတစ်ခွေ လုံးကို အပိုင်ဝယ်သိမ်းထားချင်စိတ် ပေါက်သွားစေနိုင်တဲ့ သီချင်း လေးက ဒီ သီချင်းပါဘဲ။

ဒီ တစ်ခွေ လုံးတင် မကပါဘူး။

ဝိုင်းစု ဆို ခဲ့တဲ့ သီချင်း လေးတွေ အားလုံးထဲမှာ ယနေ့ထက်ထိ ကျွန်တော် အကြိုက်ဆုံး သီချင်းတစ်ပုဒ် အဖြစ် ပထမဆုံး နားထောင်ဖြစ်ကထဲက မှတ်တမ်းတင်ဖြစ်သွားခဲ့တဲ့ သီချင်းလေးပါဘဲ။

Alternative Rock တွေကို အရမ်းကြိုက်တဲ့ ကျွန်တော့်လို ပုရွက်ဆိတ် တစ်ကောင် အတွက် ဒီသီချင်းက ပျားရည် ပုံးကြီးလို့ ပြောလို့ရပါတယ်။

Melody က စပြောရရင် Teen Alter Standard ကို လုံးဝ အပြည့်ဝင်ပါတယ်။
Chord Frame ကလဲ အရမ်း လှပါတယ်။

သီချင်းရေးသူရဲ့ ဟာသ ဥာဏ် က လဲ အရမ်း ထက်မြနေပါတယ်။

ဝိုင်းစု ရဲ့ ဆိုဟန် (Vocal Attitude) ကလဲ သီချင်း ရဲ့ Theme ထဲက ရုပ်ဆိုး ဝတုတ်မလေး ရဲ့ Character ကို 100% ထင်ဟတ်စေပါတယ်။

သီချင်း ကို Compose လုပ်ထားတာကလဲ American Youth Alter Pop/Rock Style အပြည့်ပါဘဲ
ဒီသီချင်းကို ပွင့် နဲ့ ရိုက် ဖို့ ဝိုင်းစု စိတ်ကူးမိမယ် လို့ ထင်ပါတယ်။

ဖြစ်နိုင်ရင် သီချင်းရဲ့ အစပိုင်း တစ်ဝက်လောက်ကို ပွင့် နဲ့ ဟာသလေးတွေ ရိုက်ပြပြီး Chorus အရောက်မှာ ဝိုင်းစု က Band နဲ့ စင်ပေါ်မှာ ဆိုနေတာ ကို ပွင့်က အောက်ကနေ ကြည့်ပြီး သဘောတွေ ကျနေတာ မျိုး ပြထားပြီး မှ 3rd Verse မှာ စပြီး သူ တွေးသမျှ တလွဲတွေ ဖြစ်လာတာကနေ နောက်ဆုံး တစ်ကယ်က ဆိုနေတဲ့ သူ ကိုယ်တိုင်ကလဲ ပွင့် ဖြစ်နေပြီး ဝိုင်းစု က သူ ကြည့်ပြီး စိတ်ကူးယဉ်နေတဲ့ ပရိသတ် ကောင်မလေး ဖြစ်နေတာ မျိုးလေး နဲ့ သိမ်းလိုက်ရင် အရမ်းချစ်စရာကောင်းတဲ့ သီချင်းလေး ဖြစ်သွားမှာပါ။


( ၁၀ ) “ ချစ်ဦးပုံပြင် “ ကတော့ တစ်ခွေလုံးမှာ ဒုတိယ အကြိုက်ဆုံးနဲ့ အခံစားရဆုံးသီချင်းလေး တစ်ပုဒ်ပါဘဲ။

6/8 Beat နဲ့ ဂျပန် သီချင်းလေး တစ်ပုဒ် ကို မြန်မာ လို ကြားရလိုက်သလိုပါဘဲ
အရမ်းလှပတဲ့ Melody လေးပါဘဲ။

မေ့ဖျောက်ဖို့ မလွယ်တော့တဲ့ အချစ်ဟောင်း အတွက် အလွမ်းလေးကို လှပစွာ ဖေါ်ကျူးထားတဲ့ အပြစ်ပြောစရာမရှိအောင် လှပနေတဲ့ သံစဉ်လေးပါ။

အထူးသဖြင့် မိန်းကလေးတွေ အရမ်း ကြိုက်ကြမယ် ဆိုတာ သေချာပါတယ်။


( ၁၁ ) “ ကြောင် “ ဆိုတဲ့ သီချင်းလေးကတော့ မိန်းကလေးတစ်ယောက်ရဲ့ မာန နဲ့ ယောက်ျားလေးတစ်ယောက်ကို သရော်ထားတဲ့ Hip Hop Style သီချင်းလေးတစ်ပုဒ် ပါ။

ကြိုက်လှချည်ရဲ့ လို့ တစ်ဖွဖွ ပြောနေရလောက်မယ့် သီချင်း မဟုတ်ပေမယ့် နားထောင်လို့ကောင်းတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

နောက် ၆ လ လောက် အကြာမှာ ဝိုင်းစုခိုင်သိန်း သီချင်းလေး ရယ်လို့ မှတ်မိနေစေမယ့် သီချင်းတော့ မဟုတ်ပါဘူး။

အဆိုတော် တစ်ယောက် သိသင့်တဲ့ အချက်တစ်ခုပါ။


( ၁၂ ) “ နှုတ်ဆက်ပါတယ် “ ကတော့ အပိတ်နှုတ်ဆက်သီချင်း ပီသ စွာ လှပတဲ့ Pop Alter Melody လေး ကို မြန်မာ ဆန်စွာ ရေးဖွဲ့ထားတဲ့ သီချင်းလေးပါ။

အဆိုအတီး ဘာမှ ပြောစရာမရှိပါဘူး။

ဝိုင်းစု အသံ Vibration လေးတွေ သိပ် မသုံးတတ်တာ ကို ဒီသီချင်းလေး မှာ သတိထားမိပါတယ်။

သီချင်းရဲ့ Mood မြင့် မြင့် သွားတဲ့ အချိန်လေးတွေ မှာ သူ့ ရဲ့ အသံလေးတွေ ခါ သွားသင့်တဲ့ အခါလေးတွေ မှာ အသံလေးတွေ ဖြောင့်နေတာ သီချင်းရဲ့ Emotional Level ကို အားပျော့သွားစေပါတယ်။
ဒါက အလေ့အကျင့် နဲ့ အသက်အရွယ် နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။


အဲ့ဒါ လေးကို သတိထားပြီး လေ့ကျင့်ပေးဖို့ လိုနေတယ်ဆိုတာလေးက လွဲရင် ဒီခွေလေးက ပထမ ခွေလိုဘဲ နိုင်ငံတစ်ကာ အဆင့်အတန်း မှီ ပြီး စွဲမက်ဖွယ်ရာ မက်လောက်စရာ အပြည့်နဲ့ သီချင်းစီးရီးလေး တစ်ခု ဖြစ်ပါတယ် ဆိုတာ ကျွန်တော် နားလည်သမျှ ဂီတရဲ့ ပေတံတွေ နဲ့ တိုင်းထွာ ဝေဖန်သုံးသပ်ရင်း …
ကျွန်တော် ချစ်တဲ့ ညီမလေး ဝိုင်းစု အနုပညာ လောက မှာ ထာဝရ ရပ်တည် နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ ။


မျိုးချစ်မြန်မာ

Saturday, September 3, 2011

" ပျင်းတယ် "


Model - Thar Thar
Photo - Myo Chit Myanmar


ကျွန်တော့် ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်း အသစ်လေး တစ်ပုဒ်ပါ
" ပျင်းတယ် " လို့ အမည်ပေးထားပါတယ်   
ဘာညာကွာစိ တွေ မရှင်းပြတော့ပါဘူး
ရှင်းပြရမှာ ပျင်းလာလို့ပါ
သီချင်းလေး နားထောင်ပြီးရင် နားလည်ကြမယ် ထင်ပါတယ်
:P  

Wednesday, June 29, 2011

Twitter Delicious Facebook Digg Stumbleupon Favorites More